ဇီးကုန်းမြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၅) သင်တန်းဆင်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ဖွင့်လှစ်ခဲ့သော ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက အခြေ ခံပညာအထက်တန်းကျောင်း(အ.ထ.က-ဇီးကုန်း)၌ပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းဌေး၊  မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌဦးဉာဏ်ကြည်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့သည်။

ကျိုက်လတ်၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယမန်နေ့ညနေပိုင်းက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဒေသနေပြည်သူများနှင့်ကလေးသူငယ်များ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီက သာယဝတီမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများ “ထောက်ပံ့လှူဒါန်းပွဲ" အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၄၉၆)တို့အား ကျောင်းသုံးစာရေးကိရိယာများ (ဒုတိယ)အကြိမ် “ထောက်ပံ့လှူဒါန်းပွဲ" အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.လ.ကခွဲ(၂)ကျောင်း၌ ကျင်းပခဲ့သည်။

ကျောင်းကုန်းမြို့ ဒါးကမြစ်ရေမြင့်တက်လာ စိုးရိမ်ရေအမှတ်သို့ရောက်ရန် (၂)ပေသာလို

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ အပူပိုင်းမုန်တိုင်း"ဝီဖာ"၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေ မြင့်တက်လာခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့မ‌ဈေး၏ သားငါးတန်းအတွင်းသို့ ရေစတင်နစ်မြုပ်နေပြီး၊ စိုးရိမ်ရေအမှတ်သို့ရောက် ရန်(၂)ပေသာ လိုတော့သည်။
Subscribe to