အမာ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာ၊ ရေလုပ်ငန်းရှင်များအသင်းရုံးတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဖျာပုံခရိုင်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ် (၁၂)နာရီခွဲအချိန်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ဖျာပုံမြို့၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းမှ တာဝန်ရှိသူများက နောက်မီးကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေးစသည်ဖြင့် မိမိတို့ဌာနအလိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြပြီး ပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဖျာပုံမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှုးကြီး သန်းဦး၊ ခရိုင်လဝကဦးစီးမှူး ဦးခင်မောင်ဌေး၊ ဖျာပုံမြို့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)