ကျောက်တလုံးကြီးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်

ကျောက်တလုံးကြီး ဇူလိုင် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများစာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်အညွန့်အဖူးလေးများအတွက်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာဝင်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များ၊ ကျောင်းသား‌/သူများက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်အညွန့်အဖူးလေးများအတွက်”စာအုပ်တွင်ပါရှိသော “အနာမခံပါက၊ စေတနာသည်ပဓာန၊ ပညာမြင့်အောင်မြှင့်ကြပါစို့၊ သင်ကြားခြင်းအတတ်ပညာ၊ ကိုယ်ပိုင်စွမ်းအားတန်ဖိုးထား”စသည့် ဆောင်းပါးများအား ဖတ်ရှုဆွေးနွေးကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဖတ်ရှုခြင်းအလေ့အထကောင်းများရင့်သန်လာစေရန်၊ စာကောင်းပေကောင်းများရွေးချယ်ဖတ်ရှုတတ်စေရန်နှင့် စာကြည့်တိုက်အား ပိုမိုအသုံးချ၍ အသိပညာများတိုးပွားလာစေရန်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း