သာယာဝတီမြို့တွင် နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား Unique Identification(UID) ကတ်များ ဆောင်ရွက်ပေး

သာယာဝတီ ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံး၌ ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား ပင်စင်ထုတ်ယူရာတွင်လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကိုလူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာယာဝတီမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ UID ကတ်များကွင်းဆင်းဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာယာဝတီခရိုင်ဦးစီးမှူး၊သာယာ ဝတီမြို့နယ်ဦးစီးမှူးနှင့် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီးလက်ထောက်မြို့နယ်မှူးဒေါ်အိအိစိုးနှင့်ဝန်ထမ်းများက Unique Identification (UID) ကတ်မပြုလုပ်ရသေးသောအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို မြန်မာ့စီးပွားရေးဘဏ်၌ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသူများအားဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)