စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတန်းပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်မတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်သူများ တက်ရောက်ကြသည်။ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရာတွင် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)အသင်မှ ပဉ္စမနှစ်(ဒုတိယ နှစ်ဝက်) အသင်းအား ၉ ဂိုး ၈ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

လဲချားမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဆက်လက်ပို့ချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်ပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်း ဆင့်ပွားသင်တန်းကို သီရိဟံသာခန်းမတွင် ဖွင့်လှစ်လျက်ရှိပါသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဝီဖာမုန်တိုင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များနှင့် စုဖွဲ့ပြင်ဆင်ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဝီဖာမုန်တိုင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ  ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးစုဖွဲ့မှုကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ရွှေဘိုခရိုင်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ ရွှေဘို ဇူလိုင် ၂၅ ခရိုင်(ပြန်/ဆက်)

ကန့်ဘလူမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့်လှစ်သင်ကြား

ကန့်ဘလူမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့်လှစ်သင်ကြား ကန့်ဘလူ ဇူလိုင် ၂၅ အောင်ဝင်းငြိမ်း(ကန့်ဘလူ)

မြို့သစ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း လက်တွေ့သရုပ်ပြခြင်းအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြသခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ကာလိမြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆင်းကတ်(SIM Card)များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆင်းကတ်(SIM Card)များ ရောင်းချမှုမရှိစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မြို့အတွင်းရောင်းချလျက်ရှိသော မိုဘိုင်းဖုန်းဆိုင်များတွင် ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
Subscribe to