ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို မြို့နယ်ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အားကစားသမားများကို တွေ့ဆုံအားပေး၍ ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား တွေ့ဆုံအားပေး ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားရုံးတွင် ကျင်းပခဲ့သည်။

ရွှေစုမြေ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ ဒေသကြက်မွေးမြူရေးခြံသို့ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းသမဝါယမမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်သမဝါယမအသင်းစု၏ပံ့ပိုးငွေဖြင့် ရှမ်းစုကျေးရွာရှိ ရွှေစုမြေစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ မွေးမြူထားသည့်ဒေသကြက်(စစ်တကောင်းမျိုး) ကြက် မွေးမြူရေးခြံသို့ မြို့နယ်ဦးစီးအရာရှိနှင့်မြို့နယ်သမဝါယမအသင်းစုအမှုဆောင်အဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနမှ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ ထုတ်ကုန်လုံခြုံမှုဌာနခွဲတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသောက်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက စားသောက်ဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။

တံတားဦးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းအစားများအား UID (Unique Identity) ကတ်များ ပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် UID(Unique Identity) ကတ်များကို   မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သနပ်ပင်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Unique Identity ကတ်များ ပြုလုပ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးတင်ဌေးနှင့်ဝန်ထမ်းများက သနပ်ပင်မြို့ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင်လွယ်လင့်တကူဖြစ်စေရေးအတွက်  UID (Unique Identity) ကတ်များကို ဇူလိုင် ၂၁ ရက်မှစ၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ဖြူးမြို့နယ်၌ “နေလူထုကျန်းမာရေးအဖွဲ့”မှ ရွေ့လျားဆေးခန်းဖွင့်လှစ်၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ  ဒေသခံပြည်သူများအား (Sun Community Health) "နေလူထုကျန်းမာရေးအဖွဲ့"မှ ရွေ့လျားဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက စတင်ကာ မြို့ထောင့်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ စုရပ်ထား၍ ဆောင်ရွက်ပေးကြောင်း သိရသည်။
Subscribe to