ပုသိမ်ကြီးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်

ပုသိမ်ကြီး ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ကြာနီကန်ကျေးရွာ(မြောက်)ကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်းသည်။

အခမ်အနားတွင် အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ ဦးဆောင်၍ အလှူရှင်များမှ ဆန် အိတ် ၂၀ ၊ ဆားနှစ်အိတ်၊ အာလူးသုံးအိတ်၊ ကြက်သွန်နီ လေးအိတ်၊ စားဆီ ၁၀ပိဿာ၊ ကြက်ဥ အလုံး ၆၀၀ ၊ ငါးနီတူးခြောက် ငါးပိဿာ၊ မုန်လာထုပ် ၁၅၀၊ မုန်ညှင်းဖြူ ပိဿာ ၇၀၊ ဘာလချောင်ကြော်  အထုပ် ၂၀၀ ၊ ငါးပိထောင်း အထုပ် ၇၀ တို့ကို ထောက်ပံ့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဇာနည်ကိုကို( ပြန်/ဆက်)