ကျိုက်ထို ဇွန် ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ကျိုက်ထိုမြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ(၇၁)ဦးရှိပြီး အောင်မြင်သူ (၃၀၁)ဦး ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က(၂)၊ စာစစ်ဌာနတို့၌ ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း၇၂၄ဦး ရှိပြီး ၃၀၁ ဦး အောင်မြင်ကြောင်း၊ အောင်မြင်သူများအနက် ၄ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ၃ဘာသာဂုဏ်ထူးရှင် ၂၀ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၀ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၇၁ ဦးရှိပြီး မြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၄၁.၅၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းမောင်