ပေါင် ဇူလိုင် ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက် (၇း၀၅)နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဓာတ်မီးတိုင်များ၊ သစ်ပင်ကြီးများ ကျိုးကျလဲပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ခန့်မှန်း ၂၂ လုံးထိခိုက်ပျက်စီးခဲ့ပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)