သာစည် ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် လှိုင်းတက်ကျေးရွာအုပ်စု လှိုင်းတက်ကျေးရွာရှိ စည်သွတ်စက်ရုံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ဦးစွာ Dagon International Co.,Ltd မှ ဒါရိုက်တာ ဦးသက်တင်မှ စည်သွတ်စက်ရုံလည်ပတ်ခဲ့မှု၊ လက်ရှိပြင်ဆင်ဆောင်ရွက်နေမှု၊ ကုန်ပစ္စည်းများထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှု အခြေအနေများနှင့် ကြုံတွေ့ရသည့် အခက်အခဲများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်အပေါ် ဒုတိယဝန်ကြီး က ဆွေးနွေးပြောကြားပြီး စည်သွတ်စက်ရုံအား ငှားရမ်းရယူပြီးသည့် နောက်ပိုင်းတွင် မူလအခြေ အနေထက် ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်၊ စက်ရုံမှပစ္စည်းအမျိုးအစားအလိုက် ထုတ်လုပ်သော ကုန်ကြမ်းသီးနှံများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ တာဝန်ရှိသူများ လာရောက် စစ်ဆေးရာတွင် မိမိစက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းကို သေချာစွာတင်ပြရန်၊ သစ်ပင်စိုက်ပျိုးမှုများကို လစဉ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး သစ်ပင်များရှင်သန်ဖြစ်ထွန်းမှု အခြေအနေများအား စဉ်ဆက်မပြတ် ပြန်လည်တင်ပြရန်၊ သစ်ပင်များစိုက်ပျိုးရာတွင် သစ်တော ဦးစီးဌာန၏ စိုက်ပျိုးထိန်းသိမ်းသည့် စနစ်အတိုင်းဆောင်ရွက်သွားရန်၊ စက်ရုံလည်ပတ်မှုအနေဖြင့် စားသုံးသူများအကြိုက်ပစ္စည်းများ ထုတ်လုပ်ရန်လိုအပ်ပြီး ဈေးကွက်ချဲ့ထွင်ခြင်း၊ အခြား စက်ရုံများနည်းတူ စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်ခြင်းတို့ကို အလေးထား ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာဌာနများမှလည်း ကြီးကြပ်ဆောင်ရွက်သွားကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်