ပဲခူးတိုင်းဒေသကြီးတွင် အခြေခံငါးမွေးမြူခြင်းနှင့် ငါးဆေးထိုးသားပေါက်နည်း ပညာပေး သင်တန်းဖွင့်ပွဲ ကျင်းပ

ပဲခူး သြဂုတ် ၂၀

အခြေခံငါးမွေးမြူခြင်းနှင့် ငါးဆေးထိုးသားပေါက်နည်းပညာပေး သင်တန်းဖွင့်ပွဲကို  ယမန်နေ့နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဝင်းမြင့်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားကာ သင်တန်းသားများဖြင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်းတွင် (၁၉.၈.၂၀၂၀) ရက်နေ့မှ (၂၁.၈.၂၀၂၀) ရက်နေ့ထိ (၃)ရက်ကြာ သင်တန်းသား သင်တန်းသူ (၁၈)ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)