ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကလေးငယ်မျာအား ဗီတာမင်အေဆေးနှင့် သန်ချဆေးများ ဆက်လက်တိုက်ကျွေး

ပြင်ဦးလွင် ဩဂုတ်   ၂၀

ကလေးငယ်များ ရောဂါများကင်းဝေးပြီး ဗီတာမင်အေပြည့်ဝကာ ကျန်းမာ၊ သန်စွမ်းသော ကလေးငယ်များဖြစ်စေရန် ပြင်ဦးလွင်မြို့နယ်၊ ကျီးကိုင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့နံနက် (၉) နာရီက ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သန်ချဆေးများကို  ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ တိုက်ကျွေးခဲ့ကြသည်။

အဆိုပါ ကျေးရွာရှိကလေးငယ် အသက် (၅) နှစ်မှ အသက်  (၁၆) နှစ်အထိ ကလေး (၂၄၆)  ယောက်ကို သန်ချဆေးတိုက်ကျွေးခြင်းနှင့်  အသက်      (၅) နှစ်အောက် ကလေး  (၁၄၁) ယောက်ကို  ဗီတာဗင်အေနှင့် သန်ချဆေး နှစ်မျိုးစလုံးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း  စသည့် လုပ်ငန်းများဆောင်ရွက်မှုကို ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ  တိုက်ကျွေးလျက်ရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ‌ ပြောကြားချက်အရ သိရသည် ။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)