ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက် ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ စာပေဖတ်ရှုသည့်အလေ့အထရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးတို့အတွက် မိုဘိုင်းစာကြည့်တိုက်ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကွင်းဆင်းငှားရမ်းခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ် UMFCCI တွင် 48 th East Asia Business Council အစည်းအဝေးကျင်းပ

လမ်းမတော်မြို့နယ် UMFCCI တွင် 48 th East Asia Business Council အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့ရာ EABC အဖွဲ့ဝင် ဗီယက်နမ်နိုင်ငံဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ကျင်းပခဲ့ပြီး သော(၄၇)ကြိမ် မြောက် အစည်းအဝေးမှတ်တမ်းအား အတည်ပြု ခြင်း၊ EABC ၏ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းရလဒ်များကို ဆွေးနွေးခဲ့ကြသည်။

ပုလောမြို့နယ်အတွင်းရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်၀ယ်အရောက်ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် (စတုတ္ထအကြိမ်) ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ပုလောမြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာ၀န်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးတွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ယမန်နေ့နံနက်ပိုင်းမှစ၍ ပြည်သူများသိရှိမှတ်သားနိုင်ရန် ပြသခဲ့သည်။

ပြင်စလူ အ.ထ.က တွင် တစ်ပတ်လျှင်တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ကာလအတွင်း တစ်ပတ်လျှင်တစ်ကြိမ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ တစ်နာရီ ၂ စင်တီမီတာနှုန်းဖြင့် ပြန်ကျလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေ သည် ၁၃၉၂ စင်တီမီတာ ရှိပြီး ၇ နာရီခွဲအချိန်တွင် ၁၃၉၀ စင်တီမီတာသို့ ကျဆင်းလာသဖြင့် တစ်နာရီ လျှင် ၂ စင်တီမီတာနှုန်းဖြင့် မြစ်ရေပြန်ကျလာပြီဖြစ်ကြောင်း ခန္တီး မြို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာန၏ မြစ်ရေတိုင်းတာချက် များအရ သိရသည်။

မေတ္တာမြို့၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာအုပ်စု၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၉ နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ် UMFCCI တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

လမ်းမတော်မြို့နယ် UMFCCI တွင် အခြေခံစားသုံးကုန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် စားသုံးဆီ များ ပြည်တွင်း ဈေးကွက်အတွင်းရောင်းချရာတွင် စားသုံးသူများထံ ဈေးနှုန်းသင့်တင့် မှန် ကန်စွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချ ပေးနိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းတွင် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အထွေထွေအတွင်း ရေးမှူးချုပ် ဦးအေးဝင်းတို့သည် မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မိတ္ထီလာခရိုင်၌ ရွေးကောက်ပွဲအတွက် အထူးရဲ ၁ဝ၆၉ ဦး ခန့်အပ်တာဝန်ပေး

၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မိတ္ထီလာခရိုင်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် ရွေးကောက်ပွဲအတွက် အထူးရဲ ၁ဝ၆၉ ဦး ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး အုန်းဟန်ဦးထံမှ သိရသည်။
Subscribe to