ဝိုင်းမော်မြို့နယ်တွင် စပါးခင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းဆောင်ရွက်

ဝိုင်းမော်    ဩဂုတ်  ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့ နံနက်(၉)နာရီက ဝိုင်းမော်မြို့နယ်၊ မုတ်လွဲကျေးရွာရှိ တောင်သူ(၂၅) ဦးပိုင် စပါးခင်းအတွင်း၌ ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဝင်းမြင့်စော၊ ခရိုင်ငါးလုပ် ငန်းဦးစီးမှူး ဒေါ်ဝင်းဝင်းဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးအောင်စိုး၊ မြို့နယ်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးအောင်နိုင်ဦး၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံတောင်သူများက တောင်သူမိသားစုတစ်စုချင်း၏ ငါးစားသုံးမှု ပိုမိုတိုးတက်လာစေရန်၊ ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နေ ပြည်သူများ စားနပ်ရိက္ခာဆင်းရဲမှု လျော့ပါးပျောက်ကွယ်သွားစေရန်၊ သဘာဝပတ်ဝန်းကျင် သယံဇာတကို အပြည့်အဝ အသုံးချတတ်လာစေရန်၊ လယ်ကွင်းများနှင့်သဘာဝရေပြင်တွင် ငါးမျိုးများပြန်လည်တည်တံ့စေရန်၊ ငါးမျိုးသုန်းမှုမှ ကာကွယ်ရန်နှင့် ငါးထုတ်လုပ်မှု ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ မုတ်လွဲကျေးရွာ တောင်သူ(၂၅)ဦးပိုင် ကွင်းအမှတ် -၃၉/၄၁(က)၊ စပါးခင်းဧက(၁၀၀)တွင် ငါးခုံးမ၊ ငါးသန်အရွယ်အစား၊ အကောင်ရေ(၅) သောင်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရှိရသည်။

ဆောင်းလေး(ပြန်/ဆက်)