တီးတိန် သြဂုတ် ၂၀
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ဖြိုဖျက် ပြောင်းရွှေ့သော ဖာရ်တလန်ကျေးရွာနေ ဦးထန်ခင်းမုန်နှင့် ဦးထန်လျန်းကိမ်းတို့အား ယမန်နေ့နေ့လည် ၁ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာနက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ငွေ ပေးအပ်ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် သြဂုတ်လ ၉ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် အန္တရာယ်ရှိ၍ အိမ်ဖြိုဖျက်ပြောင်းရွှေ့သူ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် တစ်သိန်းစီနှင့် ဘေးသင့်ပြည်သူ (၉) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ၁၈၉၀၀/-ကျပ်၊ စုစုပေါင်း ၂၁၈၉၀၀/- ကျပ်အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဇော်လင်းထွေး က ပေးအပ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)