ပန်းတောင်းမြို့နယ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စျေးကွက်စောင့်ကြည့်ရေး အဖွဲ့များနှင့် ပူးပေါင်းကာ ယမန်နေ့နံက်ပိုင်းက စည်သာရပ်ကွက်၊ မြစစ်ကိုင်း၊ ညောင်ညိုရိပ် လမ်းဆုံ ဈေးအတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော ကုန်စည် ၁၀ မျိုးမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှု ရှိ၊ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည် ။

လင်းခေးမြို့နယ်၌ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးပြုလုပ်

လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးပွဲကိုယမန်နေ့နံနက်(၉)နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆီဆိုင်မြို့နယ် တောင်ပေါ်ကျေးရွာများသို့ နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ကွင်းဆင်းထောက်ပံ့ပေး

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ဒုတိယ အကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်း က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၏ တောင်ပေါ်ကျေးရွာများဖြစ်သည့် နားသံကျေးရွာ အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဗဟန်းမြို့နယ်၌ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၁)ရပ်ကွက်ရှိ၊ ဇီဝိတဒါန သံဃာ့ဆေးရုံ မင်္ဂလာခန်းမ၌ ကျင်းပသည်။

စုကလိမြို့တွင် သတိပြုရှောင်ရှား ဆေးလိပ်နှင့်ဆေးရွက်ကြီးဆိုးကျိုးများ အသိပညာပေးနံရံကပ်စာစောင်ပြသ

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများကျန်းမာရေးအသိရရှိနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် သတိပြုရှောင်ရှားဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုးကျိုးများ အသိပညာပေးနံရံကပ်စာစောင်အား ယမန်နေ့နံနက်ပိုင်းက စတင်ပြသဆောင်ရွက်ထားသည်။

ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ အမျိုးသမီးအဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာအောင်သင်း၏ “ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ငွေဆောင်မြို့တွင် နယ်မြေလုံခြုံရေးအတွက် ယာဉ်များအား ပိတ်ဆို့ရှာဖွေခြင်းနှင့် လှည့်ကင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးများ ဖြတ်သန်းသယ်ဆောင်မှု မရှိစေရေးနှင့် မှုခင်းကျဆင်းရေးတို့အတွက် ယမန်နေ့ ည ၉ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးနှင့် ငွေဆောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက လှည့်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။

မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် လူကုန်ကူးမှုနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များ ပြသထားရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား အများပြည်သူ ကြည့်ရှုသိရှိနိုင်စေရန်အတွက် ပြသထားရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့အ၀င် လိုင်ပေါင်းလုံဂိတ်၌ ခရီးသွား ပြည်သူများအား နေ့စဉ်ကြပ်မတ် ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့သို့ ၀င်ရောက်လာသူ များအား မြို့အ၀င် လုံခြုံရေးစစ်ဆေးဂိတ်နေရာတွင် နေ့စဉ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to