ချောက် ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ပြည်သူများအား လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး နံရံကပ်စာစောင်များပြသထားလျက်ရှိကြောင်းသိရသည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေး နံရံကပ်စာစောင်၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးခံရနိုင်သူများ၊ လူကုန်ကူးမှုများ ပေါ်ပေါက်လာပုံ၊ လူကုန်ကူး မခံရစေရန် သတိပြုရမည့်အချက်များ၊လူကုန်ကူးခံရခြင်းကြောင့်ရရှိသောဆိုးကျိုးများ၊ လူကုန် ကူးမှုဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အသိပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ဆောင်ပုဒ်များ၊ ဓာတ်ပုံများ၊ကာတွန်းများစသည့်တို့ကို ထည့်သွင်းပြသထား လျက်ရှိကြောင်း သိရသည်။
မချို(ပြန်/ဆက်)