မကွေးတိုင်းဒေသကြီးအတွင်း လူဦးရေအားလုံးအတွက် စားသုံးဆီ (၈၇၂) တန် ထောက်ပံ့မည်

မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာလအတွင်း တိုင်းဒေသကြီးမှ လူဦးရေ အားလုံး အတွက် စားသုံးဆီ (၈၇၂) တန် ရရှိပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနက သိရသည်။

ချီဖွေမြို့နယ် ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်/စာစောင်နှင့် အလှူငွေများ လာရောက်လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွက် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင် ဦးဆောင်သော အဖွဲ့ဝင်များသည် ယနေ့နံနက် (၉) နာရီတွင် စာအုပ်/စာစောင်နှင့် အလှူငွေများ လာရောက် ပေးအပ် လှူဒါန်းခဲ့ကြသည်။

မွန်ပြည်နယ် လမိုင်းမြို့၌ ဆန္ဒမဲစာရင်းပေးရန် ကျန်ရှိသူများအား ဆန္ဒမဲပေးနိုင်ရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ပေး

မွန်ပြည်နယ် လမိုင်းမြို့၌ ဆန္ဒမဲစာရင်းပေးရန် ကျန်ရှိသူများအား ဆန္ဒမဲပေးနိုင်ရေး အတွက် အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို သြဂုတ်လ ၂၀ ရက်နေ့ မှ စတင်ပြီး မြို့ပေါ် ရပ်ကွက် (၃)ရပ်ကွက်၌ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီမင်း ဦးဆောင်ပြီး ရပ်ကွက်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ၊လမ်းဦးစီးဌာနမှ ဝန်ထမ်းများ ၊ ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ရပ်မိရပ်ဖများက အဖွဲ့နှစ်ဖွဲ့ခွဲကာ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် ဆန္ဒမဲပေးနိုင်ရေးအတွက် လိုက်လံကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် နမ့်ဟောင်ချောင်းရေလျှံတက်ကာ လူနေအိမ်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်း ခဲ့ရာ ယနေ့နံနက်ပိုင်း က အမှတ်(၁)၊ အမှတ်(၆)၊ အမှတ်(၁၀) ရပ်ကွက်များကို ဖြတ်သန်း စီးဆင်းနေသော နမ့်ဟောင်ချောင်းရေလျှံတက်ကာ ချောင်းဘေးအနီးနားရှိ လူနေအိမ်အချို့ ရေဝင်ရောက်မှု ရှိခဲ့သည်။

ကျိုက်မရောတွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ ​ရောင်းချခြင်း မရှိသည့် ဆိုင်များအား ဌာနဆိုင်ရာပူး​ပေါင်းအဖွဲ့များမှလိုက်လံစစ်​ဆေး

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ​ရောင်းချခြင်းမရှိသည့်ဆိုင်များအား ဌာနဆိုင်ရာပူး​ပေါင်းအဖွဲ့ များမှ ယ​​နေ့နံနက်၉နာရီမှစတင်ကာ မြို့​ပေါ်ရပ်ကွက်များ​ရှိ ထမင်းဆိုင်၊စား​သောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်၊ ကုန်ဆုံဆိုင်များအား​ရှောင်တခင်လိုက်လံစစ်​ဆေးခဲ့ကြ​ကြောင်းသိရသည်။

မိုင်းယောင်း၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ရှစ်ဖွဲ့သည် ယနေ့က တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

မံစီမြို့နယ်၏ မဲဆန္ဒရှင်စာရင်းများ ပြန်လည်ပြင်ဆင်ဖြည့်စွက် ပြုစုခြင်းလုပ်ငန်း (၇၅%) ရာခိုင်နှုန်း အထိ ဆောင်ရွက်ပြီးစီး

မံစီမြို့နယ်၏ မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကြေညာပြီးနောက် လာရောက် လျှောက်ထားသူ၊ ကန့်ကွက်သူ၊ ပြင်ဆင် သူများ၏ မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ပြင်ဆင်ဖြည့်စွက် ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယနေ့တွင် လုပ်ငန်းဆောင်ရွက်မှု (၇၅%) ရာခိုင်နှုန်းအထိ ဆောင်ရွက် ပြီးစီးပြီ ဖြစ်သည်။

ကျိုက်မ​ရောမြို့နယ်တွင် ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)တို့ဖြင့်တင်သွင်းလာသည့် မဲဆန္ဒရှင်စာရင်း စိစစ်​ရေး လုပ်ငန်းများ ​ဆောင်ရွက်

မော်လမြိုင်ခရိုင်၊ကျိုက်မ​ရော မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​အောင်မြင်စွာ ကျင်းပ​နိုင်​ရေးအတွက် မဲစာရင်းစိစစ်​ရေးလုပ်ငန်း​ကော်မတီသို့ ရပ်ကွက်၊/​ ကျေးရွာ(၄၇)ခုမှတင်ပြလာသည့် ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)ပုံစံများကို မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်​​နေ့ကစ၍ စိစစ်​ဆောင်ရွက်လျက်ရှိ​ကြောင်းသိရသည်။

တုံတာမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ငွေကျပ် ၂၀၀၀၀ အား တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ ထံသို့ လက်ဝယ်အရောက်သွားရောက် ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက တုံတာမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

မန်ကန်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်အား ဒေသခံပြည်သူများ လာရောက်ကြည့်ရူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်အား ဒေသခံပြည်သူများ လာရောက်ကြည့်ရှုခဲ့သည်။
Subscribe to