ကျိုက်မရောတွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ ​ရောင်းချခြင်း မရှိသည့် ဆိုင်များအား ဌာနဆိုင်ရာပူး​ပေါင်းအဖွဲ့များမှလိုက်လံစစ်​ဆေး

ကျိုက်မ​ရော    သြဂုတ် ၂၀

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ​ရောင်းချခြင်းမရှိသည့်ဆိုင်များအား ဌာနဆိုင်ရာပူး​ပေါင်းအဖွဲ့ များမှ ယ​​နေ့နံနက်၉နာရီမှစတင်ကာ မြို့​ပေါ်ရပ်ကွက်များ​ရှိ ထမင်းဆိုင်၊စား​သောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်၊ ကုန်ဆုံဆိုင်များအား​ရှောင်တခင်လိုက်လံစစ်​ဆေးခဲ့ကြ​ကြောင်းသိရသည်။
ထိုသို့စစ်​ဆေးရာတွင် စား​သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ​တွင် ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ညွှန်ကြားချက်များနှင့်အညီလက်​ဆေးရန် ​ဘေစင်များ ရှိမရှိ/ စား​သုံးသူနှင့် စား​သောက်ဆိုင်ပိုင်ရှင်များပါ နှာ​ခေါင်းစည်းတပ်ဆင်ထားခြင်း ရှိမရှိ၊ တစ်ဦးနှင့် တစ်ဦး ၃​ပေအကွာတွင် ထားရှိခြင်းရှိ/မရှိနှင့်လက်သန့်​ဆေးများထားရှိခြင်းရှိ/မရှိတို့ကို ဌာန ဆိုင်ရာ ပူး​ပေါင်းအဖွဲ့များမှလိုက်လံစစ်​ဆေးခဲ့ကြပြီး ညွှန်ကြားချက်များနှင့်လုပ်​ဆောင်မှု မရှိ သည့် ဆိုင်ပိုင်ရှင်များအားပထမအကြိမ် ဝန်ခံကတိလက်မှတ်​ရေးထိုး​စေခြင်းများကို ​ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြ​ကြောင်းသိရသည်။
ချိုမြတ်မြတ်​ထွေး(ပြန်/ဆက်)