မိုင်းငေါ့မြို့တွင် မိုင်းအန္တရာယ်အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း မြစိမ်းရောင်ခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျောက်မဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော်နှင့် အဖွဲ့မှလာရောက်၍ ယမန်နေ့နေ့လည် (၂)နာရီအချိန် က မိုင်းအန္တရာယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မိုးရာသီကာလ အတွင်း ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် မိုးရာသီကာလတွင် ဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁၂ နာရီက မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်ရှိ ဆရာစံရပ်ကွက်တွင် ရေမြောင်း များအတွင်း ပိတ်ဆို့နေသည့် အမှိုက်များ ရှင်းလင်းခြင်း ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ထားသော စက်ယန္တယားများဖြင့် တူးဖော်ဆောင်ရွက်လျက်ရှိသည်။

ဘောလခဲမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ တောင်သူနည်းပညာပေး မိုးနှမ်းစံပြကွင်းပြပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် မိုင်းထမ်းကျေးရွာနှင့် ရေနီပေါက်ကျေးရွာတွင် တောင်သူများ စိုက်ပျိုး ရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ နည်းပညာပေး မိုးနှမ်းစံပြကွက်ကွင်းပြပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီ အချိန် မိုင်ထမ်းကျေးရွာ စိုက်ကွင်းနှင့် ရေနီ ပေါက်ကျေးရွာ စိုက်ကွင်းတွင် ကျင်းပသည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ငပုတောမြို့တွင် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဖွဲ့စည်း

ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေကို မြတ်နိုးတန် ဖိုးထားသော စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရေးအတွက် တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွား​ရေးထိခိုက်မှု သက်သာ​စေရန် ​ဝက်​မွေးမြူရေး သင်တန်းဖွင့်လှစ်

ရေကြည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေး အတွက် ဝက်မွေးမြူထုတ်လုပ်ခြင်းသင်တန်းကို ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က သံတင်းကျေးရွာ မူလတန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပါတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအဖြစ် ငါးသိုင်း​ချောင်း မြို့‌ပေါ်ရှိရပ်ကွက် (၆) ခုတွင် ဩဂုတ်လအတွင်း မြို့မိခင်နှင့်ကလေး ကျန်းမာရေးဌာနက ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ဩဂုတ် လ ၂ဝ ရက်နေ့ နံနက်ပိုင်းက ငဝန်ရပ်ကွက်၊ လောကမာရ်အောင် တန်ဆောင်း၌ ရပ်ကွက်အတွင်းရှိ အသက် (၆) လမှ (၅) နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောပေးခြင်းနှင့် အိုင်အိုဒင်းဆားများ ဖြန့်‌​ဝေ​ပေးခြင်းအစီအစဉ်များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျုံ​ပျော်တွင် ​ထောက်ပံ့​ကြေး​ပေးရန် ကိုယ်ဝန်​ဆောင်နှင့် က​လေးငယ် စုစု​ပေါင်း (၄၀၀၀) ကျော် စာရင်း​ကောက်ယူရရှိ

ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်ရှိ ကိုယ်ဝန်​ဆောင် မိခင်များအားလုံးနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်​နေ့မှ စတင်​မွေးဖွား​သော က​လေးငယ်များအားလုံးကို ​ထောက်ပံ့​ကြေး​ပေးရန် စာရင်းများ​ ကောက်ယူခဲ့ရာ စုစု​ပေါင်း (၄၀၀၀)ကျော် စာရင်း ရရှိခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် အားကစားကွင်း သဲခင်းခြင်းနှင့် အထူးတန်းပွဲကြည့်စင်ပြုပြင်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားကွင်း သဲခင်းခြင်းလုပ်ငန်းနှင့် အထူးတန်းပွဲကြည့်စင် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ခေါင်းဆောင်သော အဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဖေမြင့် ရေးသားသော ” တန်ဖိုးထားအပ်သော အရာများ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ ပြည်သူ၄၃၁ဦးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာမှ လူဦးရေ စုစုပေါင်း ၄၃၁ ဦးအတွက် ဩဂုတ် ၁၆ ရက်မှ စတင်ပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ပါရှိနိုင်ရန်အတွက် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ပေးသည်။
Subscribe to