ချီဖွေမြို့နယ် ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်/စာစောင်နှင့် အလှူငွေများ လာရောက်လှူဒါန်း

ချီဖွေ  သြဂုတ် ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင် ဦးဆောင်သော အဖွဲ့ဝင်များသည်  ယနေ့နံနက် (၉) နာရီတွင် စာအုပ်/စာစောင်နှင့် အလှူငွေများ လာရောက် ပေးအပ် လှူဒါန်းခဲ့ကြသည်။

“ပြည်သူ့စာကြည့်တိုက်တွင် လာရောက်၍ စာအုပ်၊ စာပေဖတ်ရှုလေ့လာနေသည့် စာဖတ်ပရိတ်သတ်များ စာပေဗဟုသုတများ ပိုမိုတိုးပွားလာစေရေးအတွက် မိမိတို့အသင်းအဖွဲ့မှ စာအုပ်/စာစောင်နှင့်အလှူငွေများ တစ်ဖက်တစ်လမ်းမှ လှူဒါန်းခြင်း ဖြစ်ပါကြောင်း” မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်က ပြောကြားသည်။

ဆက်လက်၍ စာအုပ်/စာစောင်နှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 နန်းမြင့်(မြို့နယ် ပြန်/ဆက်)