ဖျာပုံမြိုနယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းက စာရေးဆရာဖေမြင့် ရေးသားသော "အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ကြသည်။

မယ်စဲ့မြို့နယ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် မြို့နယ်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အငယ်တန်းစာရေး ဦးမျိုးမင်းသန့်နှင့် ဦးအာင်ဇော်ဦးတို့က ယနေ့နံနက်က

မိုင်းဆတ်မြို့၌ ယခုဘဏ္ဍာနှစ်တွင် ဟိုနားရေလွှဲဆည်တည်ဆောက်ပေးခဲ့သဖြင့် ဒေသခံတောင်သူများ အဆင်ပြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ ဟိုနားကျေးရွာအနီး နမ့်မယ်နားချောင်းပေါ်တွင် နိုင်ငံတော်အစိုးရမှ ယခုဘဏ္ဍာနှစ်တွင် ဟိုနားရေလွှဲဆည် တည်ဆောက်ပေးခဲ့သဖြင့် ဟိုနားကျေးရွာရှိ ဒေသခံ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်း မြို့နယ်အတွင်း ကျောင်းများတွင် အသုံးပြုရန် mask ၊ hand gel ၊ face shields များ လှူဒါန်း

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကိုဗစ်ကာလအတွင်း ကျောင်းတက်ချိန်များတွင် ကျောင်းသား ကျောင်းသူများ အသုံးပြုရန်အတွက် Mask ၊ ဆပ်ပြာအဆီ၊ Hand Gel များ လှူဒါန်းပေးခြင်းကို မြို့နယ်ပရဟိတ ဝါသနာပါသူ လူငယ်များ စုစည်းထားသည့် ဦးချမ်းမြေ့အောင် ဦးစီးသော Second Family အဖွဲ့မှ ကျေးရွာကျောင်းများအရောက် လိုက်လံလှူဒါန်း ပေးလျက်ရှိသည်။

ကသာမြို့နယ်၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းဘေး ကျေးရွာများရှိ နေအိမ်များ အား ရွှေ့ပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းဘေး ကျေးရွာများရှိ နေအိမ်များ ရွေ့ပြောင်းခြင်း လုပ်ငန်းများအား ယနေ့ နံနက် (၉) နာရီအချိန်မှ စတင်၍ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဘိမ်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ များအားလုံး ဆန္ဒမဲပေးခွင့်ရရှိစေရေးနှင့် အမည်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ဦး ဆောင်သော ပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လည် ၁ နာရီအချိန်က မြို့ပေါ်(၄)ရပ်ကွက်နှင့် ကုန်းမခံကျေးရွာအုပ်စုသို့ ‌တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ရွှေကူမြို့နယ်တွင် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများ ပြန်လည်ဦးမော့လာစေရေးအတွက် ငါးသားပေါက်များ ဖြန့်ဖြူး ပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများ ပြန်လည်ဦးမော့ လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ မြို့နယ်အတွင်းရှိ ငါးမွေးမြူရေး လုပ်ငန်းရှင်များအား ငါးသားပေါက်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဆောမြို့ မိုးကုတ်ရိပ်သာQuarantineCentreရှိနေရပ်ပြန် ၁၀ ဦးအား ဓာတ်ခွဲနမူနာရယူ

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့ မိုးကုတ်ရိပ်သာတွင် Quarantine ထားရှိသော ပြည်ပမှနေရပ်ပြန်များအား ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် ဆော မြို့နယ်ပြည်သူ့ဆေးရုံ ဓာတ်ခွဲခန်းမှ ဒေါ်ထက်ထက်နွယ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက နှာခေါင်း တို့ပတ်၊ အာခေါင်တို့ပတ်များရယူ၍ စစ်ဆေးဆောင်ရွက်နိုင်ရန် သြဂုတ် ၁၉ ရက် ညနေ ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများအား ထောက်ပံ့ငွေ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန မှ CERP (ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်) အရ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ယနေ့နံနက်(၉) နာရီက ကျင်းပခဲ့သည်။

ကလေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ ရှောင်တစ်ခင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား ရှောင်တစ်ခင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to