လမိုင်း သြဂုတ် ၂၀
မွန်ပြည်နယ် လမိုင်းမြို့၌ ဆန္ဒမဲစာရင်းပေးရန် ကျန်ရှိသူများအား ဆန္ဒမဲပေးနိုင်ရေး အတွက် အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို သြဂုတ်လ ၂၀ ရက်နေ့ မှ စတင်ပြီး မြို့ပေါ် ရပ်ကွက် (၃)ရပ်ကွက်၌ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီမင်း ဦးဆောင်ပြီး ရပ်ကွက်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ၊လမ်းဦးစီးဌာနမှ ဝန်ထမ်းများ ၊ ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ရပ်မိရပ်ဖများက အဖွဲ့နှစ်ဖွဲ့ခွဲကာ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် ဆန္ဒမဲပေးနိုင်ရေးအတွက် လိုက်လံကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာစိုး(လမိုင်း)