မကွေးတိုင်းဒေသကြီးအတွင်း လူဦးရေအားလုံးအတွက် စားသုံးဆီ (၈၇၂) တန် ထောက်ပံ့မည်

မကွေး     သြဂုတ်     ၂၀

မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာလအတွင်း တိုင်းဒေသကြီးမှ လူဦးရေ အားလုံး အတွက် စားသုံးဆီ (၈၇၂) တန် ရရှိပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနက သိရသည်။

မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဝင်းက ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်းမှာ နိုင်ငံတော်က ပြည်သူတွေအတွက် ဆန်နဲ့ ဆီထောက်ပံ့ ပေးမှာဖြစ်ပြီး လောလောဆယ် မကွေးတိုင်းအတွက် စားသုံးဆီ ၈၇၂ တန် ခွဲတမ်းရရှိတာဖြစ် တယ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ ကိုဗစ်-၁၉ အရေးပေါ်ကာလ အတွင်းမှာ ပြည်သူ တွေအတွက် ရိက္ခာပြတ်လတ်မှုမရှိအောင် အရန်ဆန်နဲ့စားသုံးဆီတွေ ဝယ်ယူသိုလှောင်ထားတာ ဖြစ်တယ်ဟု ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့နှစ်စာရင်းတွေအရ လူဦးရေ ၃ ဒသမ ၉ သန်းရှိပြီး ယခုနှစ်မှာ လူဦးရေ ၄ သန်းခန့်ရှိနေတဲ့အတွက် ယခင်နှစ်စာရင်းအတိုင်း ရရှိတဲ့ခွဲတမ်းကို ၄ သန်းနဲ့ မျှအောင်လို့ တစ်ဦးကို စားအုန်းဆီ ၁၂ ကျပ်သားခန့် ပေးနိုင်မယ်လို့ ဆိုသည်။ အဆိုပါပစ္စည်းများ သိုလှောင်ထားရှိသည့် နေရာအား သဘာဝဘေးဒဏ် ကင်းဝေးစေရေး အတွက် ဝန်ထမ်းများကို တာဝန်ချထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြကာ ဗဟိုက ညွှန်ကြားချက်ရတာနဲ့ ချက်ချင်းဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး စားသုံးသူရေး ရာ ဦးစီးဌာနမှ သိရသည်။

သန်းနိုင်ဦး(ငဖဲ)