ကျိုက်မရော သြဂုတ် ၂၀
မော်လမြိုင်ခရိုင်၊ကျိုက်မရော မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီသို့ ရပ်ကွက်၊/ ကျေးရွာ(၄၇)ခုမှတင်ပြလာသည့် ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)ပုံစံများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ကစ၍ စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့မဲဆန္ဒရှင် စာရင်းများအား စိစစ်ဆောင်ရွက် ရာ၌မဲဆန္ဒရှင်စာရင်းများကပ်ထားကြေငြာပြီး (၂၁)ရက်ပြည်မြောက်၍ ရပ်ကွက်/ကျေးရွာ(၄၇)ခုမှ တင်ပြလာသည့် မိမိအမည်စာရင်းတွင် မပါဝင်ပါကပုံစံ(၃)ဖြင့် တင်သွင်းရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သည့် သူများပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက်များမှားယွင်းပါက ပုံစံ(၄-ဂ)တို့ဖြင့် ပြင်ဆင် လွှာတင်သွင်းခြင်းများအား စိစစ်ခြင်းလုပ်ငန်းကိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲခွဲ၊ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများမှ မဲဆန္ဒရှင်စာရင်းများစိစစ်ရေးလုပ်ငန်းများကို အဖွဲ့လိုက် ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ချိုချို(ပြန်/ဆက်)