မူဆယ်မြို့၌ မဲစာရင်းများမှန်ကန်တိကျမှုရှိစေရေးအတွက် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင်းရှိ မဲဆန္ဒရှင်စာရင်းကပ်ထားမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေရေးနှင့် မဲဖောင်းပွမှုမရှိစေဘဲ ပြည်သူတိုင်းမဲပေးနိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ (၃) နာရီခွဲအချိန်က ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့တို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။