မင်းလှမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်လိုင်စင်များ လေလံတင်ရောင်းချပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေး လိုင်စင်များ အခြားနည်းဖြင့် လေလံတင် ရောင်းချပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် ဈေးသည်များ နှာခေါင်းစည်းတပ်ဆင်ရောင်းဝယ်ရေး ကွင်းဆင်းကြပ်မတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဈေးသည်များ နှာခေါင်းစည်း တပ်ဆင်ရောင်းဝယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီမှ ယနေ့နံနက်ပိုင်း က မြို့မဈေး၌ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုတ်ကျေးရွာအုပ်စု၊ တိမ်မြုတ်ရွာမကျေးရွာတွင် ယမန်နေ့ ည ၇ နာရီ ၁၅ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ နေအိမ် (၁) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လေဘေးနှင့်ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လေဘေးနှင့်ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အမာမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် ၁၂ နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းက စာရေးဆရာချစ်ဦးညိုရေးသားသော "တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်နှာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့ကြသည်။

ဝက်လက်မြို့နယ် တွင် ၂၀၂၀ ခုနှစ် မိုးစပါး (CERP) စီးပွားရေးကုစားမှုအစီစဉ်ဖြင့် ရွှေပန်းကုံးကျေးရွာနှင့် ရွှေအိုးရကျေးရွာတို့တွင် မျိုးစေ့ထုတ် (၁၁၈) ဧက စိုက်ပျိုး

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၂၀ ခုနှစ် မိုးစပါး (CERP) စီးပွားရေးကုစားမှုအစီစဥ်ဖြင့် ရွှေပန်းကုံးကျေးရွာနှင့် ရွှေအိုးရကျေးရွာတို့တွင် မျိုးစေ့ထုတ် (၁၁၈) ဧက စိုက်ပျိုးမည် လျာထားရာ (၁၀၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းကို သိရသည်။

ပုလောမြို့နယ်၌ မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး တစ်အိမ်တက်/ဆင်း ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော် ဦးဆောင်သောအဖွဲ့က မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး ယနေ့နံနက် ၈ နာရီက ပုလောမြို့ အမှတ် (၃)ရပ်ကွက်တွင် တစ်အိမ်တက်/ဆင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးနှင့် ဌာနဆိုင်ရာများက ရှပ်ပုံကျေးရွာနေ ပြည်သူများအား Social Distancing နှင့်အညီ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ (၂)နာရီက ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ ပြည်တော်သားဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ဒေသခံပြည်သူများအား Social Distancing နှင့်အညီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
Subscribe to