မိုင်းတုံမြို့၌ မျိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

မိုင်းတုံ ဩဂုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါး RS to CS မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်က အဖွင့်အမှာစကား ပြောကြားပြီး မိုင်းဆတ်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းလွင်က COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တောင်သူများစိုက်ပျိုးထုတ်လုပ်မှုတွင် ထိခိုက်ကျဆင်းမှုမရှိစေရေးအတွက် မိုးစပါး RS to CS မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအုန်းကျော်မြင့်က COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ဆင်းဧကရီ() မိုးစပါး RS to CS မျိုးစေ့ထုတ်တောင်သူများကို နိုင်ငံတော်မှ ထောက်ပံ့ပေးမည့်အစီအစဉ်နှင့် မျိုးစေ့ဧက (၃၀ထုတ်လုပ်မည့် တောင်သူ (၂၂ဦးအား တစ်ဧကလျှင် မျိုးစပါးအတွက် ကျပ် (၈၅၀၀နှုန်းနှင့် စိုက်စရိတ်အတွက်ကျပ်(၇၅၀၀၀)နှုန်းဖြင့် တစ်ဧကကျပ်(၈၃၅၀၀)နှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူတို့က တောင်သူ (၂၂ဦးအား ထောက်ပံ့ငွေများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူဦးထွန်းခင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ)