တွံတေးမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်စာအုပ်ငှားရမ်းခြင်းနှင့် စာကြည့်တိုက် ရေရှည်တည်တံရေး ဆောင်ရွက်
ကျေးလက်နေပြည်သူများ စာပေကို ပိုမိုဖတ်ရှုလာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် သဝန်းတောကျေးရွာ၊ ကျွဲသလင်းကျေးရွာတို့အား နယ်လှည်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းနှင့် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လစဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီကအဆိုပါ ကျေးရွာများရှိ စာကြည့်တိုက်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။