ရွှေကူမြို့နယ်၌ ယုံကြည်ရာပရဟိအသင်းမှ ဒုတိယအကြိမ် ဖိနပ်ချုပ်နည်း၊ ဆပ်ပြာရည် ပြုလုပ်နည်းနှင့် ဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ရွှေကူ     သြဂုတ်လ    ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)လုပ်ငန်းများနှင့် Cash For Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)ဖြင့် ဆောင်ရွက်လျှက်ရှိသော ရွှေကူမြို့နယ် နန့်လှန်ကျေးရွာတွင် လမ်းအရှည် ၁၃၁၇ ပေ၊ အကျယ် ၁၂ ပေ၊ အထူ ၆ လက်မ ကွန်ကရစ်ဘောင် သဲကျောက်လမ်း လုပ်ငန်းဆောင်ရွက်မှုနှင့် စီမူကြီးကျေးရွာ ကျေးရွာခန်းမဆောင်(၆၀ပေ× ၃၀ပေ× ၁၂ပေ) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ စီမူလေးကျေးရွာ လမ်းအရှည် (၈၅၀ )ပေ၊ အကျယ် ၂၀ ပေ၊ အထူ ၆ လက်မရှိ ကွန်ကရစ်ဘောင် သဲကျောက်လမ်း၊ စီသာကျေးရွာ လမ်းအရှည် ၁၈၆၂ ပေ၊ အကျယ် ၁၆ ပေ၊ အထူ ၆ လက်မရှိ ကွန်ကရစ်ဘောင် သဲကျောက်လမ်း လုပ်ငန်းဆောင်ရွက်မှုနှင့်  မံနားကျေးရွာ စက်ရေတွင်း၊ ရေသန့်စက်၊ ရေစက်ရုံ(၁၂ ပေ× ၆ပေ× ၇ပေ) တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်းကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် Cash For Work  စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင်   ငွေကျပ် သိန်း ( ၁၀၀ ) ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသော စင်းဖုတ်ကျေးရွာလမ်းအရှည် ၉၀၀ ပေ၊အကျယ် ၁၂ ပေ၊ ၆ လက်မရှိ ကွန်ကရစ်ဘောင်သဲကျောက်လမ်းခင်းခြင်းနှင့် တာလီကျေးရွာ လမ်းအရှည် ၂၀၀၀ ပေ၊ အကျယ် ၁၅ ပေ၊ အထူ ၆ လက်မရှိ သဲကျောက် လမ်းခင်းခြင်း လုပ်ငန်းအခြေအနေများကို လည်းကောင်း၊ ပန်းတင်ကျေးရွာ လမ်းအရှည် ၁၈၀၀ ပေ၊ အကျယ် ၁၅ ပေ၊ အထူ ၈ လက်မရှိ သဲကျောက်လမ်းခင်းခြင်းနှင့် လမ်းကူးကျေးရွာ စာသင်ကျောင်း ခြံစည်းရိုး ( ၉၄၀ ပေ× ၆ ပေ) ကာရံခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ များကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က စီမံကိန်း လုပ်ငန်းများ သတ်မှတ် အချိန်ကာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရေးကို တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်း သိရှိရ သည်။

ကျော်မျိုးအောင်(ပြန်/ဆက်)