ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အရိပ်ရပင်နှင့် ပန်းပင်များစိုက်ပျိုး

ကျွန်းလှ ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပင်နှင့်ပန်းပင်များကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာများ၊ သစ်ပင်ချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်းပြီး အထက(သစ်ရာမြိုင်)၊ မူလတန်းလွန်ကျောင်းနှင့် အမက()ပိတောက်မြိုင်၊ သံဘိုကျေးရွာ အလယ်တန်းကျောင်းခွဲတွင် သပြေဘူတ၊ ခရေ၊ ဝါး၊ စုစုပေါင်းပျိုးပင် (၆၀စိုက်ပျိုးခဲ့ကြသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လမ်းဘေးဝဲယာတို့တွင် မြို့နယ်သစ်တောဌာန ဦးစီးဌာန၏အကူအညီနှင့်အလှူရှင်များလှူဒါန်းမှုဖြင့် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သစ်ပင်ချစ်သူများအဖွဲ့ မှ ကိုအောင်နမိတ်က ပြောကြားသည်။

မျိုးဝင်းညိုကျွန်းလှ