မင်းလှမြို့၌ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်အား အသိပညာပေးခြင်းများ ဆောင်ရွက်

အထက်မင်းလှ      ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်ပါ ပြဌာန်းချက်များကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးခြင်းကို ယနေ့နံနက်  နာရီက ရုံးရပ်တောင်ရပ်ကွက် ၊ တာဘောင်ကြီးလမ်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ နေ့ခင်းအချိန်နှင့် ညအချိန်များတွင်ဆိုင်ကယ်ရှေ့မီးနိမ့်ဖွင့်ပြီး မောင်းနှင်ရန်၊ ဆိုင်ကယ်နောက်ကြည့်မှန်၊ နံပါတ်ပြားတပ်ဆင်ပြီး ဆိုင်ကယ်စီးနင်းကြရန်နှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေသစ်ပါပြစ်မှု၊ ပြစ်ဒဏ်များကို အသိပညာပေးခဲ့ပြီး မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို မင်းလှမြို့မစခန်းမှူး ဒုရဲမှူးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များမှဒေသခံပြည်သူများအား ပညာပေးဆောင်ရွက်ခဲ့ပြီး ပညာပေးကာလကျော်လွန်ပါက စည်းကမ်းလိုက်နာမှုမရှိသည့် မော်တော်ယာဉ်များအား ဥပဒေသစ်အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)