မြစ်သားမြို့ကမ္ဘောဇဘဏ်ခွဲမှမင်းစေတနာမီးသတ်မျှော်စင်တည်ဆောက်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်း

မြစ်သား ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြစ်သားမြို့နှင့် နီးစပ်ရာ ကျေးရွာများ မီးဘေး ကြိုတင် ကာကွယ်နိုင်ရန်အတွက် မီးသတ်မျှော်စင်ကြီးတစ်ခု တည်ဆောက်ရန်အတွက် မြစ်သားမြို့ ကမ္ဘောဇဘဏ်ခွဲမှ အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းကျောင်းပရိယတ္တိ စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မင်းစေတနာ မီးသတ်မျှော်စင်ကြီးအား မြစ်သားမြို့ မင်းကျောင်းပရိယတ္တိစာသင် တိုက်၊ ပဓာန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တဝေဠုရိယ (အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိက) ဦးစီး၍ အလှူငွေ ကျပ် ၂၅ သိန်းမတည်ကာ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အခမ်းအနားတွင် မင်းကျောင်းဆရာတော်ဘုရားကြီးမှ ကျေးဇူးတင်စကား မိန့်ကြားတော် မူခဲ့ပြီး အထက်မြန်မာပြည် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးတင်ထွန်း၊ မြစ်သားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့က ဝမ်းမြောက်စကားများ အသီးသီး ပြောကြားခဲ့ကြပြီး မင်းကျောင်းပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယက ဆရာတော်ဒေါက်တာဘဒ္ဒန္တဝေဠုရိယ (အဘိဓဇအဂ္ဂ မဟာသဒ္ဒမ္မဇောတိက)က မတည်ငွေကျပ် (၂၅)သိန်း၊ မြစ်သားမြို့နယ် ကမ္ဘောဇဘဏ်ခွဲမိသားစုမှ အလှူငွေ ကျပ်သိန်း(၁၂၅)သိန်း၊ ရန်ကုန်မြို့နေ ဒု−ဗိုလ်ချုပ်ကြီး ဦးမျိုးညွန့်၊ ဒေါ်ခင်လှတင် မိသားစုမှ အလှူငွေ ကျပ်(၁၀)သိန်း၊ စေတနာရှင်အလှူရှင် များမှ လှူဒါန်းငွေ ကျပ်(၁၁)သိန်း ကိုးသောင်းနှစ်ထောင်ကျပ်အား ပေးအပ် လှူဒါန်းရာ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်းနှင့် လှူဒါန်းငွေစုစုပေါင်းမှာ ကျပ်သိန်း (၁၇၁၉၂၀၀၀) ဖြစ်ကြောင်း သိရှိရသည်။

ဆုမွန်(မြစ်သားပြန်/ဆက်)