မင်းလှမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်လိုင်စင်များ လေလံတင်ရောင်းချပွဲ ကျင်းပ

အထက်မင်းလှ     ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေး လိုင်စင်များ အခြားနည်းဖြင့် လေလံတင်ရောင်းချပွဲကို ယမန်နေ့နံနက်  ၁၀  နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လေလံရောင်းချရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အေးက အခြားနည်းဖြင့် လေလံရောင်းချခြင်းနှင့်ပတ်သက်၍ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များကို ရှင်းလင်း ပြောကြားခဲ့ပြီး လုပ်ငန်းလိုင်စင်(၁၃)ခုအား လေလံရောင်းချခဲ့သည်။

မင်းလှမြို့တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေးလိုင်စင် (၅၂ခုအားငွေကျပ်သိန်း ၁၉၀၆ဒသမ၂၅ သိန်း လျာထားပြီး လေလံရောင်းချရာတွင် သက်တမ်းတိုး (၃၂ခု၊ ဈေးပြိုင်(၁၅)ခုကို ငွေကျပ်သိန်း ၁၃၉၆ဒသမဖြင့် ရောင်းချခဲ့ပြီး ကျန်ရှိသည့်လိုင်စင် (ခုအား အခြားနည်းဖြင့်ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း လေလံတင်ရောင်းချပွဲဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိထံမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)