ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်စေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ကျောက်ဆည် ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဩဂုတ်(၂၃)ရက် နံနက်()နာရီက ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်မြင့်သိန်းဦးစီးပြီး ရဲတပ်ဖွဲ့ဝင်(၉၅)ဦးမှ ဆေးရုံကြီးသန့်ရှင်းသာယာရေးနှင့် သွေးလွန် တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ပေါင်းမြက်ခြုံနွယ်များ၊ သစ်ပင်၊ သစ်ကိုင်များအား စုပေါင်းသန့်ရှင်းခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံကြီး ဥပတိရုပ် ကောင်းမွန်စေရေးအတွက် ဆေးရုံကြီးရှေ့ မျက်နှာစာနှင့် ဝင်းအပြင်ရှိ ပေါင်းမြက်ခြုံနွယ်များ၊ ဆေးရုံဝင်းအတွင်း ခြင်များခိုအောင်နိုင်သည့် ခြုံနွယ်များ၊ သစ်ပင်၊ သစ်ကိုင်းများကို စုပေါင်းခုတ်ထွင် ရှင်းလင်းခဲ့ကြကြောင်းသိရှိရပြီး  အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရေး စည်ပင် သာယာရေးအဖွဲ့မှ အမှိုက်ကားများဖြင့် သယ်ယူဆောင်ရွက် ခဲ့ကြောင်းလည်း သိရှိရသည်။

ထို့အပြင် ဩဂုတ်(၂၅)ရက်နေ့တွင်လည်း (၅၆)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ကျောက်ဆည်ခရိုင်ရဲတပ်ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့မစခန်းနှင့် နယ်မြေစခန်းများရှိ တပ်ဖွဲ့ဝင်များ၊ အမှတ်(၉၂) ယာဉ်ထိန်းတပ်ဖွဲ့ဝင်များစုပေါင်းပြီး ပြည်သူ့ဆေးရုံးကြီးသို့ သွေးလှူဒါန်းမှုများ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်

သက်မောင်(ကျောက်ဆည်)