ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် စားသောက်ကုန်ရောင်းချနေသူများအနေဖြင့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၌ အခြေခံစားသောက်ကုန်များအား ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/ မရှိကို ယနေ့ နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်တွင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် ပြည်သူများ ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းကျေးရွာစျေးတွင် ဆောင်ရွက်ခဲ့သည်။

ပေါင်းလောင်းရေလွှဲဆည်တည်ဆောက်ရာတွင် ရေဝပ်ဧရိယာအတွင်း ပါဝင်သွားသည့် လယ်ယာမြေများအတွက် တောင်သူများလက်ဝယ်အရောက် လျော်ကြေး၊ နစ်နာကြေးများ ကွင်းဆင်းပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပေါင်းလောင်းရေလွှဲဆည်တည်ဆောက်ရာတွင် ရေဝပ်ဧရိယာအတွင်းပါဝင်သွားသည့် လယ်ယာမြေများအတွက် ပျဉ်းမနားမြို့နယ်မှ တောင်သူများ၏ လက်ဝယ်အရောက် လျော်ကြေး၊ နစ်နားကြေးငွေများကို ဩဂုတ် ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ကျေးရွာများသို့ ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အရောက် ကွင်းဆင်းကာ သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ရောင်းချပွဲ ပြုလုပ်

ကြံခင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးအတွက် ကျန်ရှိနေသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၁၀)ခုအား အခြားနည်းညှိုနှိုင်းဈေးဖြင့် ရောင်းချမှုအား ယမန်နေ့ကကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင် အရာရှိ ဦးဌေးမြင့်အောင်တို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အင်ဂျန်းယန်မြို့နယ်၌ ပထမအကြိမ် မဲစာရင်းကြေညာမှုအပေါ် မှတ်ပုံတင်အမှတ်လိုအပ်ချက်များ ဖြည့်သွင်းဆောင်ရွက် ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲစာရင်းကြေညာရာ တွင် လိုအပ်ချက်များဖြစ်ပေါ်ခဲ့သည့် မှတ်ပုံတင်အမှတ်များ ဖြည့်သွင်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့နံနက် (၁၀) နာရီခွဲ က ပြည်နယ်/ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မဲဆန္ဒရှင်များစာရင်းမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့်လျှောက်ထားသူများကို ပြင်ဆင်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများမှ ပုံစံ (၃)၊ပုံစံ (၄)၊ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲ၍ နေအိမ်တစ်လုံးနောက်ဖေးမီးဖိုချောင်ပျက်စီးခြင်းနှင့် လူနေအိမ် ( ၃)လုံး အမိုးလန်မှုဖြစ်ပွား

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁၃ နာရီအချိန်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု​ဖြစ်ပွားခဲ့သဖြင့် အမှတ်(၈ )ရပ်ကွက် ဗန္ဓုလလမ်းရှိ ဒေါ်တင်တင်ဝင်း၏ သွပ်မိုးထရံကာ ပျဉ်ခင်း နေအိမ်နောက်ဖေး မီးဖိုချောင် သစ်ပင်ပိမိခြင်းနှင့် သွပ်မိုး ၊ထရံကာ၊ ပျဉ်ခင်းနေအိမ် ၃ လုံးမှာ အမိုးလန်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်းအခက်အခဲရှိနေသည့် ပုဂံဒေသဘုရား ဈေးရောင်း ဈေးသည် အိမ်ထောင်စု ၈၀ အတွက် တဒင်္ဂပြေလည်စေရန် ဆန်၊ဆီ၊ဆားလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းအတွင်း ဈေးရောင်းချသည့် ခက်ခဲဈေးသည်များအား တဒင်္ဂပြေလည်စေရန် ယနေ့ နံနက် ၈နာရီခွဲအချိန်က ဦးတင်းလင်းအောင် ဦးဆောင်ကာ Online မှလှူဒါန်းသည့် ဆန်၊ ဆီ၊ ဆားများကို အိမ်ထောင် စု ၈၀အားအိမ်တိုင်ရာရောက် လိုက်လံပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း ဦးတင်လင်းအောင်ထံ က သိရသည်။

ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကျေးရွာမတည်ရန်ပုံငွေများ ပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် COVID-19 Economic Relief Plan(CERP) အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးရွာမတည်ရန်ပုံ ငွေစီမံကိန်း(VRFP)အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ(၄)ရွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မန်ပြိန်းကျေးရွာအုပ်စု၊ မတ်ခံကျေးရွာနှင့် ပြိန်းရဲကျေးရွာအုပ်စု၊ မြင်စီရှန်းကျေးရွာ တို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျေးရွာအရောက် မတည်ရန်ပုံငွေများကို လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to