ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်က ဆွေးနွေးဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ဝင်းဌေးက လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအချက်များ၊ လူကုန်ကူးရောင်းဝယ်မှုအခြေအနေများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးကိစ္စများကို ဆွေးနွေးပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်မွန်မွန်အောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေများ၊ ပြစ်မှုပြစ် ဒဏ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သဲဝါ(ပြန်/ဆက်)