ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာတွင် အဝီစိစက်ရေးတွင်း တူးဖော်အောင်မြင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွှေလေးကျေးရွာတွင် သောက်သုံးရေဖူလုံရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဝီစိစက်ရေတွင်း တူးဖော်ပေးခဲ့ရာ ယခုအခါ ရေများရရှိပြီဖြစ်သဖြင့် ကျေးရွာသူ၊ရွာသားများ ပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။