တနိုင်းမြို့နယ်၌ သာသနာ့အကျိုးတော်ဆောင်အဖွဲ့များမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

တနိုင်း သြဂုတ် ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ တောင်တန်းသာသနာပြု ရဟန်းသံဃာတော်များနှင့် သီလရှင်အတွက် ကိုသာပိုနှင့် မိဆွေများ(စင်ကာပူ) သာသနာ့အကျိုးတော်ဆောင်အဖွဲ့မှ ဝါဆိုသင်္ကန်းနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့မဗဟိုကျောင်းတိုက်၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆက်ကပ်လှူဒါန်းရာတွင် ဘဒ္ဒန္တဝိလာသဂ္ဂါလင်္ကာရ (မှော်ဘီဆရာတော်) စမ္မနဒီကျောင်းတိုက်မှ ဦးဆောင် ၍ ကိုသာပိုနှင့်မိတ်ဆွေများ (စင်ကာပူ) သာသနာ့အကျိုးနေတာ်ဆောင်အဖွဲ့မှ တနိုင်းမြို့နယ် တောင်တန်းသာသနာပြု ရဟန်းသံဃာတော် (၈) ပါးနှင့်  သီလရှင် (၁) ပါးအတွက် သံဃာတော်တစ်ပါးလျှင် ဝတ္ထုငွေ (၃၆၀၀၀ဝိ/-)ကျပ်နှင့် မာတင်သင်္ကန်း(၁)စုံစီအားလည်းကောင်း၊ သီလရှင် (၁) ပါးအတွက် ဝတ္တုငွေ (၃၆၀၀၀ဝိ/-) ကျပ်နှင့် သီရှင်ဝတ်စုံ(၁)စုံတို့အား  စုစုပေါင်းဝတ္ထုငွေ (၃၂၄၀၀၀ဝိ/-)သိန်း၊ သင်္ကန်း(၈)စုံနှင့် သီလရှင်ဝတ်စုံ(၁)စုံ ဆက်ကပ်လှူဒါန်းခဲ့ပြီး အဆိုပါအခမ်းအနားဖြစ်မြောက်ရေးအတွက် သာသာနာရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲဇော်က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)