အုတ်ဖို သြဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုတ်ကျေးရွာအုပ်စု၊ တိမ်မြုတ်ရွာမကျေးရွာတွင် ယမန်နေ့ ည ၇ နာရီ ၁၅ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ နေအိမ် (၁) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် သွတ်မိုး၊ အုတ်ကာနေအိမ်(၁)လုံး၊ သွပ် (၅၂)ချပ် အမိုးလန်ပျက်စီးခဲ့ရာ လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်ဆောင်ရွက်မှုဖြင့် သက်ဆိုင် ရာ ရပ်ကျေးအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆွေမျိုးသားချင်းများက နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက်လျက်ရှိကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)