ဝက်လက်မြို့နယ် တွင် ၂၀၂၀ ခုနှစ် မိုးစပါး (CERP) စီးပွားရေးကုစားမှုအစီစဉ်ဖြင့် ရွှေပန်းကုံးကျေးရွာနှင့် ရွှေအိုးရကျေးရွာတို့တွင် မျိုးစေ့ထုတ် (၁၁၈) ဧက စိုက်ပျိုး

ဝက်လက် သြဂုတ်  ၂၃

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၂၀ ခုနှစ် မိုးစပါး (CERP)စီးပွားရေး ကုစားမှု အစီစဉ်ဖြင့် ရွှေပန်းကုံးကျေးရွာနှင့် ရွှေအိုးရကျေးရွာတို့တွင် မျိုးစေ့ထုတ် (၁၁၈) ဧကစိုက်ပျိုးမည် လျာထားရာ (၁၀၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းကို  သိရသည်။

အဆိုပါ ကျေးရွာများတွင် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed)၊ မျိုးသန့်မျိုးပွားစေ့ (Registered Seed)၊မျိုးကွဲ (၂)မျိုးကို စိုက်ပျိုးမည်ဖြစ်ရာ တောင်သူ (၃၅) ဦး၏ လယ်မြေများတွင် ဧရာမင်း (၈) ဧကနှင့် ပေါ်ဆန်းရင် (၁၁၀) လျာထားရာတွင် ယနေ့အထိ  (၁၀၁) ဧကကို စိုက်ပျိုးပြီးစီးလျှက်ရှိကြောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်အေးမာလာ ၏ ပြောကြားချက်အရ သိရှိရသည်။

ကျန်းရှိနေသော (၁၇) ဧကကိုလည်း ဆက်လက်၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးစိုးလှိုင် (ဝက်လက်)