တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးနှင့် ဌာနဆိုင်ရာများက ရှပ်ပုံကျေးရွာနေ ပြည်သူများအား Social Distancing နှင့်အညီ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး

ပုလော    သြဂုတ်လ   ၂၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်န်ကြီးဌာန၊ ၀န်ကြီး ဦးကျော်မင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ()နာရီက  ပုလောမြို့နယ် ရှပ်ပုံကျေးရွာ ပြည်တော်သားဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌  ဒေသခံပြည်သူများအား  Social Distancing နှင့်အညီ တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ဝန်ကြီးက နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ရန် ကျန်ရှိနေသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ရန်လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်ပါ၀င်နိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုရန်လိုအပ်ကြောင်း၊ ပြင်ဆင်ရန်ရှိသည်များကို ပြင် ဆင်နိုင် ရပ်ကွက်/ ကျေးရွာ ကော်မရှင်များထံ ပုံစံများတောင်းခံ၍ ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ လူငယ်များလမ်းမှားမရောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း၊ သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်လာပါက အချိန်မီ သတင်းပေးပို့ကြစေလိုကြောင်းနှင့် အချိန်နှင့်တစ်ပြေးညီ သိရှိမှသာ လိုအပ်သောပံ့ပိုးမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြိုနယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့ နယ်ပညာရေးဌာနတို့က  ၎င်းတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ကြောင်းနှင့်  ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)