ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကျောက်တန်း  ဩဂုတ်  ၂၆

ကမ္ဘာ့နိုင်ငံများ၌သာမက မြန်မာနိုင်ငံတွင်ပါ ကူးစက်ပြန့်ပွားလာသော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီ တော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော် ခြင်း ကို မတ်လ ၂၈ ရက်မှ စတင်ကာ  ဘုရားဖူးမြော်ခွင့် ယာယီပိတ်ထားခဲ့ပါသည်။

ဘုရားဖူးမျှော်ခွင့် ယာယီပိတ်ထားဆဲကာလအတွင်း ဘုရားကုန်းတော် သန့်ရှင်းရေးကို ပန်းတောကူတို့ သမလီမီတက်ရှိ စက်တပ် ရေယာဉ် လုပ်သားများမှ ယနေ့နံနက်ပိုင်းတွင် စုပေါင်းကုသိုလ်ပြု ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ခင်ဆွေဝင်း (ကျောက်တန်း)