ကျောက်ဆည် ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ နည်းပညာတက္ကသိုလ် အနော်ရထာ အဆောင်တွင် Facility Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲ နမူနာများယူဆောင်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက သွားရောက်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဓာတ်ခွဲနမူနာများရယူရာတွင် ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန် ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဒေါက်တာအောင်ရဲကျော် (ကျန်းမာ၊ ပညာ) နှင့် ဒေါက်တာအောင်မင်းခန့် (မိခင်နှင့် ကလေး၊ ကျောင်းကျန်းမာ) တို့သည် ပြည်ပမှ ပြန်လည်ဝင်ရောက် လာသည့်သူ (၁၅) ဦး၊ ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသူ(၁၂)ဦး စုစုပေါင်း လူဦးရေ(၂၇)ဦး တို့၏ ဓာတ်ခွဲနမူနာများ ရယူခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာန (မန္တလေး)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲနမူနာများ ရယူခဲ့သူများမှာ မှိုင်းပန်၊ ကလေး ကျေးရွာမှ ကျား(၂)ဦးနှင့်မ(၁)ဦး၊ ပွတ္တိုင်ကျေးရွာမှ ကျား(၁)ဦး၊ ဆည်ကုန်းကျေးရွာမှ မ(၁)ဦး၊ ကြက်မင်းတွန်ရပ်ကွက်မှ ကျား (၁)ဦးနှင့်မ(၁)ဦး၊ အင်းကုန်းကျေးရွာမှ ကျား(၁)ဦးနှင့်မ(၁)ဦး၊ ဝင်းသောင်ကျေးရွာမှ၊ ကျား(၁)ဦး၊ တံတားလည်ရပ်ကွက်မှ မ(၁)ဦး၊ သမန္တလင်းကျေးရွာမှ ကျား(၁)ဦး၊ ပြည်တော်သာကျေးရွာမှ ကျား(၁)ဦး၊ အနောက်ငယ်တိုးကျေးရွာမှ ကျား(၁)ဦး၊ ညောင်ဝန်းကျေးရွာမှ မ(၁)ဦး၊ ပုထိုးနီ၊ သပြေသာကျေးရွာမှ ကျား(၇)ဦး၊ မြင်းစိုင်းရပ်ကွက်မှ ကျား(၂)ဦး၊ မုန့်ပေါင်းကျေးရွာမှ ကျား(၃) ဦး၊ စုစုပေါင်း(၂၇) ဦးဖြစ်ကြောင်းလည်း သိရသည်။
သက်မောင်(ကျောက်ဆည်)