နတ်မောက် သြဂုတ် ၂၆
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ်တွင် တိုင်းရင်း ကြက်မွေးမြူ ထုတ်လုပ်မှုသင်တန်း ဒုတိယ အကြိမ် ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက အင်းကုန်း ကျေးရွာ၊ ကန်စွယ်ကျောင်းတိုက်တွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန က COVID – 19 ၏ စီးပွားရေးထိခိုက်မှုအပေါ် သက်သာစေရေး စီမံချက် (CERP) အရ ဖွင့်လှစ်သော ကြက်မွေးမြူ ထုတ်လုပ်မှု သင်တန်းကို သြဂုတ်လ ၂၅ ရက်နေ့ မှ သြဂုတ်လ ၂၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်တန်းကို သင်တန်းနည်းပြ ( ၄ ) ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/ သူ ( ၄၀ ) ဦးကို COVID -19 ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် အဖွဲ့ နှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့လျှင် သင်တန်းသား/သူ (၂၀)ဦး ဖြင့် သင်တန်းကာလ(၃) ရက် ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
သင်းသင်းဝေ ( နတ်မောက်)