မိုင်းရှူးမြို့၌ Covid-19 ရောဂါကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

မိုင်းရှူး  ဩဂုတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၌ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညက ပြုလုပ်ခဲ့သည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တတ်နိုင်သမျှ မိမိတို့၏ နေအိမ်တွင်သာနေထိုင်ပြီး လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ(လုံးဝ)မသွားကြရန်၊ ပါးစပ်/နှာခေါင်းစည်း (Mask)ကို လူစုလူဝေးရှိရာ နေရာများသို့ သွားသည့် အခါတိုင်း တပ်ဆင်ကြရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ပါရန်၊ ၆ပေအကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ လက်ကို ရေနှင့်ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည် အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် စနစ်တကျ မကြာခဏဆေးကြော ခြင်းဖြင့် ပြည်သူများ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြရေး မြန်မာဘာသာ/ရှမ်းဘာသာတို့ဖြင့် မြို့ပေါ်ရပ်ကွက် များအတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)