လိပ်သိုမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ အောက် ကလေးငယ်များ၊ မသန်စွမ်းသူများအား ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ်

လိပ်သို သြဂုတ် ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ် အောက်ကလေးငယ်များအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေများနှင့် CERP အစီအစဉ်အရ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လိပ်သိုမြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ထောက်ပံ့ငွေများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များပြောကြားပြီး ကိုယ်ဝန်ဆောင်မိခင် ၁၂၈၅ ဦးနှင့် အသက် ၂ နှစ်အောက် ကလေးငယ် ၃၄၆၇ ဦးတို့အတွက် စုစုပေါင်းငွေကျပ် (၂၁၃၇၉၅၀၀၀) ကိုလည်းကောင်း CERP အစီအစဉ်အရ ရပ်ကွက်ကျေးရွာများရှိ မသန်စွမ်းသူ တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ၂၅၀ ဦးတို့အတွက် ငွေကျပ် (၇၅၀၀၀၀၀) တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။        

အဆိုပါ ထောက်ပံ့ငွေများကို လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စားရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နွယ်နွယ်ခိုင်(ပြန်/ဆက်)