ရှမ်းရွာသစ် ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှပေးအပ်သောထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများမှ ကာယကံရှင်များ၏ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့်တာဝန်ရှိသူများ၊ ကျေးရွာရပ်ကျေးစာရေးများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) စုအတွင်းရှိ မသန်စွမ်းသူတစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၂၈၀၀၀၀) ကို မသန်စွမ်းသူ ကျား (၁၁၅) ဦး၊ မ (၆၁) ဦး၊ စုစုပေါင်း (၁၇၆) ဦးတို့အား နိုင်ငံတော်၏ကိုယ်စား ကိုယ်တိုင်သွားရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ဝေဠု(ပြန်/ဆက်)