မြို့လှ သြဂုတ် ၂၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ မိသားစုနေအိမ်များအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ရာ မြို့လှမြို့ပေါ်ရပ်ကွက် (၄)ခုရှိ တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၂၅၀)စုအတွက် စုစုပေါင်း ငွေကျပ် (၅၀၀၀၀၀ဝိ/)ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိဘပြည်သူများ၏ လက်ဝယ်သို့ အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ယခုတစ်ကြိမ် ထောက်ပံ့မှုသည် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော် အစိုးရမှ ဒုတိယအကြိမ် ထောက်ပံ့မှုဖြစ်ပြီး ယခုဖြစ်ပွားနေသော ကိုဗစ်−၁၉ရောဂါသည် ယခင်ဖြစ်ပွားသည့် အခြေအနေထက် ပိုမိုဆိုးသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ကျော်မင်းနိုင်(ပြန်/ဆက်)