ခိုလမ်မြို့၀င်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ခိုလမ်မြို့ဝင်ဂိတ်( တာချီလိတ်-ကျိုင်းတုံ- ကွန်ဟိန်း - တောင်ကြီး) တွင် ယနေ့ နံနက်(၇) နာရီ အချိန်မှ စတင်၍ စစ်ဆေးရေးဂိတ်ထားရှိပြီးကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို စတင် ဆောင်ရွက် လျက်ရှ ိကြောင်း သိရသည်။

လမ်းမ‌တော်မြို့နယ် UMFCCI တွင် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက် (MITS) မှ အသင်းချုပ်တာဝန်ရှိသူများထံ လာ​​​ရောက်တွေ့ဆုံ

လမ်းမတော်မြို့နယ် UMFCCI တွင် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်ကို အဆင့်မြှင့်တင်၍ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် အသင်းအဖွဲ့ များ၏ လုပ်ငန်းလိုအပ်ချက်များကို MITS အုပ်ချုပ်မှုဒါရိုက်တာ ဦးတိုးအောင်မြင့်၊ ဒါရိုက်တာ ဦးအောင်စိုး တို့ ပါဝင်သောအဖွဲ့မှ ယမန်နေ့တွင် လာရောက်​တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ သဘာဝဘေးအန္တရာယ်ဒဏ်များ ခံနိုင်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မိုးတွင်းကာလတွင် ကျရောက်တက်သော သဘာဝဘေးအန္တရာယ်များကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အတွင်းရှိ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ကွင်းဆင်း ကြည့်ရှု စစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဖားကန့် လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ကျောက်စိမ်းရိုင်းများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကာမိုင်းမြို့သို့အထွက် လုံးခင်းကျေးရွာ၊ လယ်ပြင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ (၆)ဘီးကားဖြင့် ပေပါပုံးများအတွင်းဝှက်၍ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းရိုင်း အရွယ်အစားဆိုဒ်စုံ (၉၈)အိတ်၊ (၃၄၇၀)ကီလိုခန့် အား ယမန်နေ့နံနက် (၆)နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။

ညောင်ဦးမြို့ အမှတ် (၁) သာယာဝတီရပ်တွင် ရပ်ထားသည့်သ‌င်္ဘောအား စက်လှေတစ်စီးမှဝင်တိုက်ကာ နစ်မြှပ်ခဲ့ပြီး စက်လှေပါအမျိုးသမီးအမျိုးသမီးနှစ်ဦး ရှာမတွေ့သေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ် (၁) သာယာဝတီရပ် ဧရာဝတီမြစ်အတွင်း ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က စက်လှေတစ်စီး တိမ်းမှောက်နစ်မြုပ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

ဗိုလ်တထောင်မြို့နယ် ၆၄ လမ်းတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၆၄လမ်း၊ အမှတ်(၃၂)တွင် ယမန်နေ့ ည ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဘောလခဲခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လှုပ်လှုပ်ရှားရှားအားကစား အစီအစဉ်ဖြင့် အားကစား ပစ္စည်းများ ပံ့ပိုးပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်သူလူထု၏ အားကစားလှုပ်ရှားမှု စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ လှုပ်လှုပ်ရှားရှားအားကစား အစီအစဉ်ဖြင့်

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေး​ကော်မတီ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးပြုလုပ်

ရန်ကုန်အ​နောက်ပိုင်းခရိုင် လှိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံးတွင် ယမန်​နေ့ ည​နေ ၃ နာရီ က လှိုင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်များဖြင့် အစည်းအ​ဝေးကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀ သိန်းကျော် ဆန္ဒမဲပေး နိုင်ရေး မဲရုံပေါင်း ၁၇၀၀ ကျော်ထားရှိမည်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် တော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀ သိန်း ကျော် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံပေါင်း ၁၇၀၀ ကျော်ထားရှိရေး ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ၌ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် (ခရိုင်တာဝန်ခံ)နှင့် ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပု ခန်းမ၌ ကျင်းပသည်။

မိုးမိတ်မြို့ ဟင်းရွက်၊သားငါးယာယီဈေးနှင့် မြို့မဈေးတို့တွင် နှာခေါင်းစီး(mask)များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဟင်းရွက်သားငါး ယာယီဈေးနှင့် မြို့မဈေးတို့တွင် နှာခေါင်းစီး(mask)များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများကို ယနေ့နံနက် ၇ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to